Pharmacist Aide

Zoom Online Class

ဆေးဝါးကျွမ်းကျင်အကူ အွန်လိုင်းသင်တန်း

"အိမ်မှာနေရင်း ဆေးဝါးကျွမ်းကျင်အကူပညာရပ်ကို

ပိုင်နိုင်စွာ သင်ယူတတ်မြောက်လိုက်ပါ"

ဘယ်သူတွေအတွက်လဲ ?

 

ဆေးဆိုင်ဖွင့်ချင်တဲ့သူတွေ၊ ဆေးဆိုင်မှာဆေးအရောင်းဝန်ထမ်းလုပ်ကိုင်ချင်သူတွေ၊ ဆေးကုမဏီတွေမှာ အလုပ်လုပ်ချင်သူတွေ၊
မိသားစုကျန်းမာရေးအတွက် ဆေးဝါးတွေအကြောင်း အသေးစိတ်လေ့လာလိုသူများတက်ရောက်သင့်ပါတယ်။

ဘယ်လိုသင်မှာလဲ ?

Zoom Application နဲ့ တိုက်ရိုက်သင်ကြားပေးမှာဖြစ်ပါတယ်။ စာသင်နေတုန်းမေးချင်တာ မရှင်းတာရှိရင်လည်းမေးလို့ရတယ်။ ဆရာနဲ့ အပြန်အလှန်ဆွေးနွေလို့လည်းရပါတယ်။
ဆေးအမျိုးအစားပေါင်း ၃၀၀ ကျော် ကိုသင်ကြားပေးမှာဖြစ်ပါတယ်။
Zoom အတန်းချိန်သင်ထားတဲ့ Video တွေကိုလည်း Telegram Group မှာ ပြန်တင်ပေးထားမှာမို့ အချိန်မရွေးပြန်ကြည့်လို့ရပါတယ်။ အလုပ်မအားလို့ Zoom မတက်လိုက်ရရင်လည်း Record ပြန်ကြည့်လိုရပါတယ်။
သင်တန်းအတွက် ဖတ်စာအုပ်ကို

 

ဘယ်နေ့တွေသင်မှာလဲ ၊ ဘယ်အချိန်လဲ ?

 

Zoom အတန်းချိန်က ကြာသာပတေး၊ သောကြာ၊ စနေ တစ်ပတ်၃ ရက် တက်ရပါမယ်။ အချိန် ည ၇ နာရီ ကနေ ၈း၃၀ နာရီ အထိပါ။ သင်တန်းကာလ ၃ လဝန်ကျင်ကြာပါမယ်။ သင်ခန်းစာ အပိုင်းလိုက် Mini Test တွေဖြေဆိုရမှာပါ။ ၃ လပြီးတဲ့အခါ Final Exam ကို online ကနေပဲ ဖြေဆိုရပါမယ်။ သတ်မှတ်ထားတဲ့အရည်အချင်းပြည့်မှီရင် သင်တန်းဆင်းလက်မှတ် Certificate Card ကို Delivery နဲ့ ပို့ပေးသွားမှာပါ။

 

 

ဘာသင်ခန်းစာတွေပါမှာလဲ ?

 

Chapter (1) Introduction to Pharmacology & Pharmacist Aide
(ဆေးဝါးဗေဒ မိတ်ဆက် နှင့် ဆေးဝါးကျွမ်းကျင်အကူ အခြေခံသဘောတရားများ)

Chapter (2) Drugs for Respiratory System
(အသက်ရှူအင်္ဂါအဖွဲ့အစည်းနှင့် သက်ဆိုင်သော ဆေးများ)

Chapter (3) Drugs for Gastrointestinal System
(အစာချေအင်္ဂါအဖွဲ့အစည်းနှင့် သက်ဆိုင်သော ဆေးဝါးများ)

Chapter (4) Drugs for Cardiovascular System / Circulatory System
(သွေးလည်ပတ်မှုအင်္ဂါအဖွဲ့အစည်းနှင့် ဆိုင်သော ဆေးဝါးများ)

Chapter (5) Analgesics and Anti-inflammatory Drugs
(နာကျင်ကိုက်ခဲမှုနှင့် ရောင်ရမ်းမှုကို သက်သာစေသော ဆေးဝါးများ)

Chapter (6) Drugs for Nervous System and Psychiatric Drugs
(ဦးနှောက်အာရုံကြောနှင့် စိတ်ပိုင်းဆိုင်ရာ ဆေးဝါးများ)

Chapter (7) Drugs for Urinary System and Reproductive System
(ဆီးလမ်းကြောင်းနှင့် မျိုးပွားအင်္ဂါအဖွဲ့အစည်းနှင့် ဆိုင်သော ဆေးဝါးများ)

Chapter (8) Drugs for Endocrine System
(ဟော်မုန်းထုတ်အင်္ဂါအဖွဲ့အစည်းနှင့် ဆိုင်သော ဆေးဝါးများ)

Chapter (9) Electrolytes and Supplements
(ဓာတ်ဆားနှင့် ဖြည့်စွက်စာများ)

Chapter (10) Infections and Anti-infectives
(ရောဂါပိုးမွှားများကြောင့်ဖြစ်သော ရောဂါများနှင့် ဆေးဝါးများ)

Chapter (11) Topical Medications
(အရေပြားပေါ် လိမ်းဆေးဝါးများ)

Chapter (12) Eye, Ear, Nose, Mouth & Vaginal Preparations
(မျက်စိ၊ နား၊ နှာခေါင်း၊ ခံတွင်း နှင့် မွေးလမ်းကြောင်းတွင် သုံးသောဆေးများ)

Chapter (13) Vaccines
(ကာကွယ်ဆေးများ)

Chapter (14) Good Storage Practice (GSP)
(ဆေးဝါးများ စနစ်တကျ သိုလှောင်သိမ်းဆည်းခြင်း)

Chapter (15) Pharmacy Records
(ဆေးဆိုင်မှတ်တမ်းများ)

Chapter (16) National Drugs Law and Pharmacy License
(အမျိုးသားဆေးဝါးဥပဒေ နှင့် ဆေးဆိုင်လိုင်စင် လျှောက်ထားခြင်း)

 

မီးအိမ်ရှင်ဆေးဝါးကျွမ်းကျင်အကူသင်တန်းကို သင်တန်းသား ဘယ်နှယောက်တက်ရောက်ပြီးပြီလဲ ?

၂၀၁၆  ခုနှစ် မှ စတင်ပြီး ဆေးဝါးကျွမ်းကျင်အကူသင်တန်း များဖွင့်လှစ်ခဲပါတယ်။ အခုအခါ သင်တန်းသား ၂၀၀၀ ကျော် တက်ရောက်သင်ကြားခဲ့ပြီးဖြစ်ပါတယ်။

 

သင်တန်းကြေး ဘယ်လောက်လဲ ?

 

ဆေးဝါးကျွမ်းကျင်အကူ Online Zoom Class အတွက် သင်တန်းကြေး ၂၅၀၀၀၀ ကျပ် ဖြစ်ပါတယ်။ ပထမဆုံးအပ်နှံသူ ၁၀ ဦးကို ဖတ်စာအုပ် Handbook လက်ဆောင်ပို့ပေးမှာဖြစ်ပါတယ်။ နောက်ကျသွားရင်တော့ Ebook ပေးပါမယ်။ စာအုပ်လိုချင်ရင် ဝယ်လိုရပါတယ်။ 

ဘယ်လိုအပ်နှံရမလဲ ?

 

သင််တန်းအပ်နှံဖိုအတွက် Telegram ကနေ ဆက်သွယ်နိုင်ပါတယ်။ သင်တန်းလျှောက်လွှာဖြည့်ပြီးရင် သင်တန်းတန်းကြေးငွေလွဲပြီးတာနဲ့ Telegram Group မှာ Member invite လုပ်ပေးပါမယ်။ Handbook ကို Delivery နဲ့ပို့ပေးပမယ်။

 

 

တန်းခွဲသစ်ဘယ်တော့စမလဲ ?

၅.၁၁.၂၀၂၆ ရက်နေ့ သင်တန်းစမှာဖြစ်ပါတယ်။

အသေးစိတ်သိချင်တာရှိရင် Chat Box မှာစုံစမ်းနိုင်သလို 09798298684, 09421055994 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။