Visitor Reviews

သင်တန်းတက်ရောက်ဖူးသူများ၏ အတွေ့အကြုံများ

Ma Khaing Mon Lwin

မီးအိမ်ရှင်သင်တန်းမှာဆေးဝါးအကူနဲ့သူနာပြုအကူတတ်ခဲ့ပီးယခုအချိန်တွင်ဓာတ်ခွဲခန်းတစ်ခုလုံးရဲ့တာဝန်ခံအဖြစ်နှစ်နှစ်နီးပါးလုပ်ဆောင်နေပါတယ်ရှင့်အတွေ့အကြုံအနေနဲ့ရောဂါအခြေအနေအရိပ်အမြွက်ကောဘာဆေးလေးနဲ့အဆင်ပြေလောက်မယ်ဆိုတဲ့အထိကိုယ့်ကိုကိုယ်တွေးမိလောက်အောင်အတွေ့အကြုံရရှိပါတယ်ရှင့်ဆေးတော့မကုစားပါဘူးရှင့်မီးအိမ်ရှင်မှာတတ်ခဲ့ပီးခုလိုကျမ်းမာရေးလောကထဲမှာအလုပ်လုပ်နေရတာဂုဏ်ယူပါတယ်ရှင့်ကျေးဇူးတင်ပါတယ်ဆရာရှင့်

Thinyukhaing

အရမ်းကို အဆင်ပြေသောသင်တန်းလေးပါ အသင်ပြကောင်းသလို ဆွေးနွေးလိုလည်းရ မသိတာတွေလည်း စိတ်စွာနဲ့ရှင်းပြပေးသော သင်တန်းလေးဖြစ်တဲ့အတွက် ကျမအတွက်တော့ တော်တော်လေး အဆင်ပြေပါတယ် ဟာသလေးတွေလည်း တစ်ခါတစ်ခါပါလာတော့ စာသင်ရင်း မပျင်းရတော့ဘူးပေါ့

Ms.Esther Sun Lamai

စိတ်ရှည်ရှည်နဲ့ သင်ပေးရုံမက မေးသမျှ သိချင်သမျှ သေချာလေး ရှင်းပြပေးလို့ အရမ်းအဆင်ပြေခဲ့ပါတယ် ဆရာ ကျေးဇူး အထူးပါရှင်🙏🏻

Nang win yee

မီးအိမ်ရှင်သင်တန်းကျောင်းမှာ တက်ရောက်ခဲ့ရတာ ကျန်းမာရေးနဲ့ပတ်သက်ပီး ဘယ်လိုမျိုးလေးတွေက မှားနေတယ် / မှန်နေတယ်ဆိုတာ သိရှီခဲ့ရပီး ၊ စေတနာအပြည့်နဲ့ အသေးစိတ်ကအစ ပြောဆို ဆုံးမသင်ကြားပေးတဲ့( မီးအိမ်ရှင် )ဆိုတဲ့ နာမည်လေးအတိုင်း သင်တန်းသူ/သားအားလုံးကိုအလင်းရောင် ထွန်းလင်းပေးပီး လမ်းပြပေးတဲ့သင်တန်း​​ေကျာင်းလေးပါလား လို့ ကြုံ့တွေ့ခဲ့ရတဲ့အတွက် ဆရာကို ကျေးဇူးတင်ပါတယ်ရှင်။ ။

U Soe Lwin

ကျွန်တော်တို့တို့ရဲ့နေ့စဥ်ဘဝတွေထဲမှာကျန်းမာရေးကအရေးကြီးတဲ့အစိတ်ပိုင်းတခုပါ,ကျန်းမာမှအရာအားလုံးကိုကျွန်တော်တို့စီမံခန့်ခွဲနိုင်မှာပါ,ဒီလိုကျန်းမာနေဖို့အတွက်လည်းရောဂါတွေရဲ့အကြောင်းနဲ့ဆေးဝါးတွေရဲ့သုံးစွဲပုံအမှန်/အမှားတွေကိုကျယ်ကျယ်ပြန့်ပြန့်သိရှိနိင်ဖို့ဒီဆေးဝါသင်တန်းလေးကိုတက်ရောက်သင့်တယ်လို့

ကျွန်တော်အတွေ့ကြုံလေးကိုမျှဝေပေးရပါတယ်

ဟုတ်ကဲ့ကျေးဇူးပါဗျ

Zayar

သင်တန်းတက်ရောက်ခဲ့သူတစ်ယောက်အနေနဲ့ ဆေးဝါးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ လက်တွေ့အသုံးချနိုင်တဲ့ ပညာရပ်တွေကို စနစ်တကျ လေ့လာသင်ယူခွင့်ရခဲ့ပါတယ်။ 💊

 

   သင်ကြားပေးမှုက နားလည်လွယ်ပြီး ဆေးဝါးလုပ်ငန်းနယ်ပယ်မှာ အမှန်တကယ် အသုံးဝင်တဲ့ သင်တန်းတစ်ခုဖြစ်လို့ ဆေးဝါးပညာကို စိတ်ဝင်စားသူတိုင်းအတွက် တက်ရောက်သင့်တဲ့ သင်တန်းကောင်းတစ်ခုပါ။

 

   ပညာရပ်တွေကို အခြေခံကစပြီး စနစ်တကျ သင်ယူချင်သူတွေအတွက် မီးအိမ်ရှင် ဆေးဝါးကျွမ်းကျင်သင်တန်းကို ညွှန်းဆိုပေးချင်ပါတယ်။ ❤️

Su Myay Myat Nway

ဆေးဝါးကျွမ်းကျင်အကူ online အတန်းလေးကလည်းအရမ်းအဆင်ပြေပါတယ်ရှင့် online ဆိုပေမယ့် မပျင်းရပဲ ရယ်စရာတွေ ဗဟုသုတ ရစရာလေးတွေ ပြောပီးသင်ပေးလို့ စိတ်ဝင်စားစရာကောင်းပါတယ် ရှင့် ဆရာ Dr.Thet Win Khine ကျေးဇူးပါရှင့်

Leave a Review

ကျေးဇူးပြု၍ သင်၏အတွေ့အကြုံကို မျှဝေပေးပါ။

Your name *
Your review *

Reviews are checked before being added to the public testimonials section.